ဗီဇာရဖို့ အိမ်ဝယ်တာ "အခွင့်အလမ်း" လား? "ထောင်ချောက်" လား?
By Thar on April 11th, 2026

ထိုင်းနိုင်ငံမှာ အခြေချချင်သူတွေအတွက် ဗီဇာရဖို့ နည်းလမ်းပေါင်းစုံရှိပါတယ်။ ထိုင်းနိုင်ငံ အိမ်ခြံမြေကိုစိတ်ဝင်စားကြတဲ့ လူအတော်များများက "အိမ်ဝယ်ရင် ဗီဇာရတယ်" ဆိုတဲ့အချက်ကိုပဲ ကြားဖူးကြတာပါ။ တကယ်တော့ ဒါက လူတိုင်းအတွက် အမြဲတမ်း အကောင်းဆုံးရွေးချယ်မှု မဟုတ်ပါဘူး။
၁။ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် Options များ (Land of Flexibility)
အိမ်ဝယ်စရာမလိုဘဲ ရနိုင်တဲ့ တခြားသော ဗီဇာအမျိုးအစားတွေ အများကြီးရှိပါတယ် -
- ED / ED+ Visa: ကျောင်းတက်ရင်း နေထိုင်ချင်သူတွေအတွက်။
- DTV Visa: Remote working လုပ်နေသူတွေအတွက် (အခုနောက်ပိုင်း အရမ်းခေတ်စားနေတဲ့ Option ပါ)။
- TR Visa: အစမ်းလာနေကြည့်မယ့်သူတွေအတွက်။
- Non-B Visa: အလုပ်လုပ်မယ် ဒါမှမဟုတ် လုပ်ငန်းထောင်မယ်ဆိုရင်။
- Thailand Privilege (Elite) Visa: ငွေကြေးအင်အား တောင့်တင်းပြီး ဘာအလုပ်ရှုပ်မှ မခံချင်သူတွေအတွက်။
၂။ "ထောင်ချောက်" ဖြစ်သွားနိုင်တဲ့ ကုန်ကျစရိတ်များ
ဗီဇာတစ်ခုတည်းအတွက် အိမ်ဝယ်မယ်ဆိုရင် သင်ပေးဆပ်ရမယ့် Hidden Costs တွေက မနည်းပါဘူး -
- ရင်းနှီးမြှုပ်နှံမှုပမာဏ: အနည်းဆုံး ဘတ် ၃ သန်းကျော် (3.06M THB) ဝန်းကျင် သုံးရပါမယ်။
- ဗီဇာကြေး: အိမ်ဝယ်ထားပေမဲ့လည်း တစ်နှစ်ကို တစ်ဦးလျှင် ၂၅,၀၀၀ - ၂၇,၀၀၀ THB ဝန်းကျင် ထပ်ကုန်ဦးမှာပါ။
- Common Area Fee (အသင်းဝင်ကြေး): ကွန်ဒိုအကျယ်အဝန်းပေါ်မူတည်ပြီး တစ်နှစ်ကို ၁၁,၀၀၀ ကနေ ၅၀,၀၀၀ THB အထိ ရှိနိုင်ပါတယ်။
- Dependents: ကိုယ့်မိသားစုဝင် (Non-O) တွေအတွက်လည်း ဗီဇာကြေးက အတူတူ ထပ်ကုန်မှာပါ။
၃။ ဘယ်သူတွေအတွက် "အခွင့်အလမ်း" ဖြစ်မလဲ?
ဗီဇာအတွက်တင်မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံမှု (Investment) အနေနဲ့ပါ စဉ်းစားတဲ့သူ၊ အိမ်ငှားခ မပေးချင်တဲ့သူတွေအတွက်ပဲ ဒါက အခွင့်အလမ်းဖြစ်မှာပါ။ ဗီဇာသက်သက်ပဲ လိုချင်တာဆိုရင်တော့ ဗီဇာကို တိုက်ရိုက် "ဝယ်" တာက ပိုသက်သာပြီး စိတ်အေးရပါတယ်။
Summary Point:
"ဗီဇာဆိုတာ နေထိုင်ခွင့် လက်မှတ်ပါ။ အိမ်ဆိုတာကတော့ ပိုင်ဆိုင်မှု (Asset) တစ်ခုပါ။ ဗီဇာရဖို့အတွက်တင် အိမ်ဝယ်မယ်ဆိုရင်တော့ သင်ဟာ လိုတာထက် ပိုဈေးကြီးတဲ့ လက်မှတ်ကို ဝယ်နေတာ ဖြစ်နိုင်ပါတယ်။"


