အရှေ့အလယ်ပိုင်း စစ်ပွဲနှင့် ထိုင်းအိမ်ခြံမြေဈေးကွက်အပေါ် ရိုက်ခတ်မှုများ
By Thar on March 17th, 2026

လက်ရှိ အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ကမ္ဘာ့လောင်စာဆီစျေးကွက်ကို တိုက်ရိုက်ရိုက်ခတ်နေပါတယ်။ ရေနံစိမ်းစျေးနှုန်းတွေ မတည်ငြိမ်မှုဟာ အဝေးကြီးမှာ ဖြစ်နေတာလို့ ထင်ရပေမဲ့ ထိုင်းနိုင်ငံရဲ့ နေ့စဉ်လူမှုဘဝနဲ့ အိမ်ခြံမြေကဏ္ဍအပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိလာနိုင်ပါတယ်။
ဘယ်လိုဆက်စပ်နေသလဲ?
အကျိုးအကြောင်း ဆက်စပ်မှုကို ကြည့်မယ်ဆိုရင်:
သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ခြင်း: ရေနံစျေးတက်တာနဲ့အမျှ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို သယ်ယူပို့ဆောင်ရတဲ့ Logistic စရိတ်တွေဟာ အလိုအလျောက် မြင့်တက်လာပါတယ်။
ကုန်ကြမ်းစျေးနှုန်း တက်လာခြင်း: အခြေခံအဆောက်အဦအတွက် မရှိမဖြစ်လိုအပ်တဲ့ သံ၊ ဘိလပ်မြေနဲ့ တခြားဓာတုဗေဒအခြေခံ ဆောက်လုပ်ရေးပစ္စည်းတွေဟာ ထုတ်လုပ်မှုစရိတ် မြင့်တက်သွားပါတယ်။
Developer များ၏ စိန်ခေါ်မှု: ကုန်ကျစရိတ် (Cost of Construction) ကြီးမြင့်လာတဲ့အတွက် Real Estate Developer တွေအနေနဲ့ ၎င်းတို့ရဲ့ Project စျေးနှုန်းတွေကို မဖြစ်မနေ ပြန်လည်ညှိနှိုင်း မြှင့်တင်ရမယ့် အခြေအနေကို ရောက်ရှိလာပါတယ်။
စီးပွားရေးသဘောတရားအရ ကုန်ကျစရိတ်မြင့်တက်မှုရဲ့ နောက်ဆက်တွဲ ရလဒ်ဖြစ်တဲ့ Property စျေးနှုန်းမြင့်တက်ခြင်းဟာ ရှောင်လွှဲလို့မရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် အိမ်ခြံမြေဝယ်ယူဖို့ သို့မဟုတ် ရင်းနှီးမြှုပ်နှံဖို့ အစီအစဉ်ရှိသူတွေအတွက်တော့ စျေးနှုန်းများ ထပ်မံမတက်ခင် လက်ရှိစျေးနှုန်းနဲ့ ဝယ်ယူထားခြင်းက အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်နေမှာပါ။


