ထိုင်းမှာ Condo တိုင်း Pet မွေးလို့ ရပါသလား
By Moji on March 9th, 2026

🐾 ထိုင်းမှာ Condo တိုင်း Pet မွေးလို့ ရပါသလား?
အဖြေကတော့ "မရပါဘူး"။ ထိုင်းမှာ က Pet Friendly မဟုတ်တဲ့ ကွန်ဒိုအများစုမှာ တိရစ္ဆာန်မွေးမြူခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ "ကလေး" တွေနဲ့အတူ နေထိုင်ဖို့ ရှာဖွေနေတယ်ဆိုရင် အောက်ပါအချက်တွေကို သေချာ သိထားဖို့ လိုအပ်ပါတယ်-
1. Pet Friendly vs Pet Allowed
- Pet Friendly Condo: တိလေးတွေအတွက် သီးသန့် Garden, Playground နဲ့ Grooming Room စတဲ့ Facilities တွေပါဝင်အောင် စနစ်တကျ တည်ဆောက်ထားတာပါ။
- Pet Allowed (Luxury Condo): တရားဝင် မွေးမြူခွင့်ရှိပေမဲ့ တိလေးတွေအတွက် သီးသန့် Facilities တွေတော့ ပါဝင်ချင်မှ ပါဝင်မှာပါ။
2. ခိုးမွေးခြင်းရဲ့ အန္တရာယ်
(The Risk of "Hidden" Pets)
အိမ်ရှင်က ခွင့်ပြုပေးရုံနဲ့ မလုံလောက်ပါဘူး။ Condo Juristic Office (ရုံးခန်း) ကပါ တရားဝင် ခွင့်ပြုထားမှ စိတ်ချရမှာပါ။
⚠️ သတိပြုရန်: အကယ်၍ ရုံးခန်းက သိသွားရင် ဒဏ်ငွေအမြောက်အမြား ပေးဆောင်ရရုံတင်မကဘဲ ချက်ချင်း အခန်းပြောင်းပေးရတဲ့အထိ ပြဿနာတက်နိုင်ပါတယ်။
3. ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်း
(Investment Opportunity)
လက်ရှိမှာ Pet-friendly ကွန်ဒိုတွေရဲ့ Demand က အရမ်းမြင့်နေပါတယ်။ အထူးသဖြင့် ဘန်ကောက် BTS အစိမ်းလိုင်း (Sukhumvit Line) တလျှောက်မှာ ဘတ် 10,000 - 15,000 ဝန်းကျင် အငှားအခန်းတွေက Supply မလောက်ငလောက်အောင် ရှားပါးနေပါတယ်။
- Rental Investment လုပ်ချင်တဲ့ သူဌေးမင်းများအနေနဲ့ Pet-friendly Project တွေကို ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
✅ ရှာဖွေနေသူများအတွက် Checklist
- ငှားမည့်သူ: Agent ကို အိမ်ရှင်ရော ရုံးခန်းပါ ခွင့်ပြုချက်ရှိမရှိ သေချာမေးမြန်းပါ။
- ဝယ်မည့်သူ: Sales Agent ဆီမှာ တိလေးတွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းချက် (အလေးချိန် ကန့်သတ်ချက်၊ နှစ်စဉ်ကြေး စသည်ဖြင့်) ကို သေချာစစ်ဆေးပါ။
ကလေးတွေကို ပစ်မထားဘဲ အတူတူ Relocate လုပ်လာကြတဲ့ တိချစ်သူများ ကို လေးစားမိသလို၊ ကိုယ်တိုင်လည်း တိလေးတွေ ချစ်တတ်တာမို့ ဘန်ကောက်မှာ Pet Friendly Project လေးတွေကို အကောင်းဆုံး ရှာဖွေကူညီပေးနေပါတယ်ရှင်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ Pet Friendly Projects လေးတွေ ငှါးချင်တာဖြစ်ဖြစ်၊ ဝယ်ယူချင်တာဖြစ်ဖြစ် Wanna Go Abroad နဲ့ Wanna Go Asia ကိုဆက်သွယ်လိူက်ပါရှင့်


